၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်၊ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁၆)သို့ တက်ရောက်မည့်သင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များမှ အသိပေးချပြရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။