၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ နားမခေါ်ကားကြီးကွင်းရှေ့ရှိ မန္တလေး - လားရှိုးပြည်ထောင်စုလမ်းမကြီး ပြုပြင်နေမှုတို့အား ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။