ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တိုက်နယ်ဆေးရုံဝင်းအတွင်း တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တိုက်နယ်ဆေးရုံဝင်းအတွင်း တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့် နေရာနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လိုက်ပါ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။