၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၃၇၊ ဦးပိုင်- ၁၊ တောင်သူ ဦးစိုင်းလုံး၏ လယ် ၂.၅ ဧကပေါ်တွင် တိုက်ရိုက်မျိုးစေ့ချစက်(Drum Seeder)ဖြင့် DU-12 (ခေါက်ပါကင်)မျိုးအား တိုက်ရိုက်အစေ့ချ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။