မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ် လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းအသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေ့လယ် ၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ ကံ့ကော်ရပ်ကွက်တွင် ကျိုက်ထိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော အောင်သီရိမြိုင်ရပ်ကွက်နှင့် တောင်သူစုရပ်ကွက်အတွင်း ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် ကွန်ကရစ်ရေနုတ်မြောင်းအသစ် ပြန်လည်တည်ဆောက် ခြင်းလုပ်ငန်း၊ ဖက္ကလိပ်ကျေးရွာရှိ ဝတ်ကြီးလမ်းသွယ်(၁)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။