၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော ယာယီရေဘေးရှောင်ပြည်သူများအား ကြက်ဥနှင့် ပေါင်မုန့်များထောက်ပံ့ပေးအပ် ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့မှ အတူလိုက်ပါ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။