၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ မကွေကျေးရွာအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၊ မိုင်တိုင် ၅၄/၁ နှင့် ၅၄/၂ ကြားရှိ ပျက်စီးသွားသည့် လမ်းပိုင်းများအား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး စုစုပေါင်း အင်အား ၂၀ ဦးခန့်ဖြင့် လိုက်ပါ၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။