ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်သည့် AML / CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော AML / CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။