ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အထက(မိုးနဲ)ကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အထက(မိုးနဲ)ကျောင်းတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ(၈၀)ဦးအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။