၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ NFPE(Non Formal Primary Education) စခန်းများဖြစ်သည့် အ.မ.က-၁၅ အခြေစိုက်(ဇေတဝန်)၊ အ.မ.က-၃၀ အခြေစိုက် (ကျောက်ချောင်းသာ)၊ အ.လ.က(ခွဲ)-၁၈ကျောင်းများနှင့် NFME (Non Formal Middle Education) စခန်းဖြစ်သည့် အ.လ.က-၄ အခြေစိုက်(ဇေတဝန်)ကျောင်းများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုပြီး ကျောင်းသား/ သူများအား ရင်းနှီးစွာ တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။