ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာကြိုးပြင် သစ်တောအတွင်း ထင်းရှူးပင်များစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကလောမြို့နယ်၊ ဘော်နင်း ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီး ၅ ဧကရှိ ထင်းရှူးပင်များစိုက်ပျိုးထားရှိမှုအခြေအနေ၊ မြေပြုပြင်ထားရှိမှု အခြေအနေများနှင့် သီခေါင်ကျေးရွာအုပ်စု၊ သီခေါင်ကြိုးပြင်သစ်တော၊ သီခေါင်တောင် ဗျူးပွိုင့်အနီးရှိ ထင်းရှူးစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများအား ပြည်နယ်သယံဇာတ ဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။