ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မိုင်းဆတ်- တာချီလိတ်ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပြတ်တောက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ် မြို့နယ်ရှိ မိုင်းဆတ်-တာချီလိတ်ကားလမ်း နမ့်ကျန့်တံတားချဉ်းကပ်ခုံအနီး ၁၅ပေခန့် ကားလမ်း ပြတ်တောက်မှုနှင့် ကားလမ်းပေါ်ရေကျော်မှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အဆိုပါပြတ်တောက်မှုဖြစ်သည့် နေရာအားမြေသားများဖို့ခြင်းနှင့် ရေလမ်းလွှဲ လုပ်ခြင်းများ ဆောင်ရွက်မှုအခြေအနေနှင့် မြို့သစ်ရပ်ကွက်ရှိ နမ့်ခုတ်ချောင်းတံတားကြံ့ခိုင်မှုနှင့် တံတားအောက်ခြေ ခိုင်ခံ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။