၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ပြစ်မှုကျူးလွန်မှုမရှိဘဲ လက်နက်/ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် PDF သင်တန်းဆင်းပြီးသူများအား မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလင်းဝင်ရောက်သူ ၅ ဦးနှင့်မိဘများ တက်ရောက်ခဲ့ကြပါသည်။