၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ စံကားဖြူခန်းမ၌ မြို့နယ်အဆင့်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား(၁၆၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။