ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပါတ် ဆွမ်းလောင်းအသင်းမှ ပိဏ္ဍပါတ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် နံနက် ၆ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ သံဃဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပါတ်ဆွမ်းလောင်းအသင်းမှ (၁၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဿမအကြိမ်မြောက် ပိဏ္ဍပါတ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၁၈၀၀)ဦးခန့်ဖြင့် ညောင်ရွှေမြို့ပင့်ကျောင်း (၆)ကျောင်းမှ သံဃာတော်အရှင်သူမြတ် (၆၀၀)ပါးတို့အား ပိဏ္ဍပါတ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။