ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၌ ယာစပါး မျိုးသန့်ပွားစိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေများကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၌ ကွင်းအမှတ်(၇၆)၊ ဦးပိုင်အမှတ်(၅၂)၊ စိုက်ဧက(၃) ဧကရှိ ဦးစိုင်းလူ၏ ယာစပါးမျိုးသန့်ပွားစိုက်ခင်းတွင် စိုက်ပျိုးထားရှိမှုအခြေအနေ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တောင်သူကိုယ်စားလှယ်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံ၍ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။