ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ရွှေဘုန်းပွင့်ဘုရား အတက်လမ်းတစ်လျှောက် ပြုပြင်ခြင်း၊ ပန်းခြံနှင့် အားကစားလေ့ကျင့်ဆောင်ရွက်သည့်နေရာတို့အား ပြုပြင်ဆောင်ရွက်နေမှု နှင့် ဂနိုင်ကန်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းတစ်လျှောက်ပြုပြင်ခြင်း၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်ရှေ့ ပန်းခြံနှင့်အားကစား လေ့ကျင့်ဆောင်ရွက်သည့်နေရာတို့အား ပြုပြင်ဆောင်ရွက်နေမှုနှင့် ဂနိုင်ကန်သန့်ရှင်းသာယာလှပမှု ရှိစေရေး ဆောင်ရွက်နေမှုတို့အား အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ လိုက်ပါကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။