၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စလုံးရပ်ကွက်ရှိ Toyo ဘတ္ထရီနှင့် ကွန်ပေါင်းအက်စစ်လုပ်ငန်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ ရှိရင်း/ သုံးစွဲ/ လက်ကျန်သိုလှောင်မှုအခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။