ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ် မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးနိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသား/သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။