၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မုဒုံခရိုင်၊ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ရွှေဟင်္သာဈေးကြီး၌ အမှိုက်များအားအမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခင်းကျင်းထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးသူ/ သားများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။