၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ရာ စစ်ဗျူဟာအဖွဲ့(အခြေချ)၊ ကွန်ဟိန်းမှစစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နေပြည်သူများ စုစုပေါင်းအင်အား ၂၃၃ ဦးဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။