ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂) ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် “သွား”ရောဂါ လူနာရှင်များအား ကုသခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ရက် နံနက် ၇ နာရီ ၃၀မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၂၂) ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေး ပြည်သူ့ ဆေးရုံသို့ နယ်လှည့်ကွင်းဆင်း ကုသခြင်းအစီအစဉ်ဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် ရောဂါကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် “သွား” ရောဂါ လူနာရှင်များအား ကုသခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။