မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းဝေးသို့တက်ရောက်‌

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ရက် နံနက် ၉ နာရီ ၃၀မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်လုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းဝေးတွင် လုံခြုံရေးနှင့်သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူတက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။