ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်အလိုက် သင်တန်းသားသတ်မှတ်ဦးရေရရှိစေရေးနှင့် ပြဌာန်းထားသည့်ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။