တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ပုလိုတုံတုံးကျေးရွာအုပ်စု၊ ပုလိုတုံတုံးကျေးရွာတွင် သဘာဝဘေးမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့် နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက် နံနက် ၈ နာရီတွင် ကော့သောင်းမြို့နယ်၊ ပုလိုတုံတုံး ကျေးရွာအုပ်စု၊ ပုလိုတုံတုံးကျေးရွာတွင် သဘာဝဘေးမုန်တိုင်းအန္တရာယ် တားဆီး ကာကွယ်ရေး နှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှုအခမ်းအနား၌ မီးသတ်ဦးစီးဌာန နှင့် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်ပူးပေါင်းလေ့ကျင့်နေမှု အခြေအနေများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။