ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက် နေ့လည် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဗထူး တပ်နယ်အားကစားကွင်း၌ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီ ကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှုအခမ်းအနား၌ တပ်နယ်မှလုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်ပူးပေါင်းလေ့ကျင့်နေမှု အခြေအနေများအား ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ မြို့နယ်သဘာဝဘေးန္တရာယ် စီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင် နှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။