ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၈) ကျောင်း၌ ကြက်ခြေနီအခြေခံ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၈)ကျောင်း၌ ကြက်ခြေနီအခြေခံ ရှေးဦးပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်ကြက်ခြေနီ အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။