၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့၏ အထူးကုဆရာဝန်များအဖွဲ့မှ တီဘီရောဂါရွေ့လျားရှာဖွေဆောင်ရွက်ခြင်း (TB Mobile Team Activity)ဖြင့် အခမဲ့ကွန်ပျူတာ ဓါတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသ ပေးခြင်းများ ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ရဲသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။