မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ မဟာ ကန်တော်ကြီး၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံ မြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ မဟာကန်တော်ကြီး၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းထွေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများက ကန်အတွင်းသို့ ငါးသားပေါက် ကောင်ရေ ၁၅၀,၀၀၀ အား ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။