၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ ဦးချွန်ကုန်းကျေးရွာရှိ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းဝန်းအတွင်း၌ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ နည်းပြဆရာ/ မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။