ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များအား အအေးနှင့် ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲနောက်ဆုံးနေ့ ကျင်းပပြုလုပ်ရာ စာဖြေပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅ ဦးတို့ သွားရောက်၍ စာမေးပွဲကြီးကြပ် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ‌စာဖြေဆိုမှု အပေါ် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ကာ စာဖြေသံဃာ/ သီလရှင်များအား အအေးနှင့် ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။