တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အ.ထ.က(၁)ကျောင်း၊ အ.ထ.က(၄)ကျောင်း၊ အ.လ.က (၅)ကျောင်းနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ ကျောင်းဖွင့်လှစ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ နှင့်အတူ မြိတ်မြို့၊ အ.ထ.က(၁)ကျောင်း၊ အ.ထ.က(၄)ကျောင်း၊ အ.လ.က(၅)ကျောင်းနှင့် မြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ ကျောင်းဖွင့်လှစ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။