၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများ တက်ရောက်ခဲ့ကြပြီး ဝန်ထမ်းနှင့် ဝန်ထမ်းသား/ သမီး ၂၆ ဦးတို့အား စုစုပေါင်း ထောက်ပံ့ငွေ ၁,၃၇၀,၀၀ဝိ/- ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။