ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၌ တရားမဝင် နိုင်ငံခြားသားများ လွှဲပြောင်းအပ်နှံနေမှုအခြေအနေအားကြီးကြပ်ဆောင်ရွက်

၂၀၂၅ ခုနှစ် မေလ ၂၀ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ တရားမဝင်နိုင်ငံခြားသားများအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကိုရှေ့ရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းနေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းသည် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။