၂၀၂၅ ခုနှစ် မေလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ Fresher သောက်ရေသန့်စက်ရုံနှင့် December သောက်ရေ သန့်စက်ရုံများ၌ သောက်ရေသန့်များထုတ်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။