၂၀၂၅ ခုနှစ် မေလ ၁၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မိုးနဲမြို့၊ ကွန်နား ကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာ၊ မွေတော်ဘုန်းတော်ကြီးကျောင်း၌ စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲတွင် ပြည်သူများ၏ မေးမြန်းတင်ပြ ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။