၂၀၂၅ ခုနှစ် မေလ ၁၁ ရက် နံနက် ၆ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး အား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဂေါပက အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။