ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 (https://www.un.org/security concil/sanctoins/1267/press-release)တွင်လည်းကောင်း၊ လူအများအပြားသေကျေစေသည့် လက်နက် များပြန့်ပွားရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အမှတ် 1718 ကော်မတီမှ ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များအား (https://www.un.org/securityconcil/sanctoins/1718/press-release)တွင် လည်းကောင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 နှင့်ပတ်သက်၍ ၁၂-၃-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် SC/16017 ဖြင့် ထုတ်ပြန်ကြေညာထားသည့် Sanction List စာရင်းအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဖော်ပြပါ 1267နှင့်ပတ်သက်သည့် website Link (https://press.un.org/en/2025/sc16017.doc.htm) တွင် ဝင်ရောက်ကြည့်ရှုသွားရန် ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။