ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 (https://www.un.org/security concil/sanctoins/1267/press-release)တွင်လည်းကောင်း၊ လူအများအပြားသေကျေစေသည့် လက်နက် များ ပြန့်ပွားရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အမှတ် 1718 ကော်မတီမှ ထုတ်ပြန်ထားသည့် ဆုံးဖြတ် ချက်များအား (https://www.un.org/securityconcil/sanctoins/1718/press-release)တွင် လည်းကောင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 နှင့်ပတ်သက်၍ ၂၁-၂-၂၀၂၅ ရက်နေ့ထုတ်ပြန်ကြေညာချက်တွင် Sanction List စာရင်းမှပယ်ဖျက်ထားသော လူပုဂ္ဂိုလ်များ၏ စာရင်းများကို ဖော်ပြထားရှိခဲ့ပါသဖြင့် အဆိုပါစာရင်းများအား သိရှိနိုင်ရေးအတွက် အထက်ဖော်ပြပါ 1267နှင့်ပတ်သက်သည့် website Linkတွင် ဝင်ရောက်ကြည့်ရှုသွားရန်ဖြစ်ပါကြောင်း အသိပေးဖော်ပြ အပ်ပါသည်။