ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ဓမ္မာရုံ၌ နေရပ် စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း

၂၀၂၅ ခုနှစ် မေလ ၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ဓမ္မာရုံ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ နေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများအား(၂)လစာ တစ်ဦးလျှင် ၄၀,၀၀ဝိ/-နှုန်းဖြင့် ၁၂၁ ဦးအတွက် စုစုပေါင်းငွေကျပ် ၄,၈၄ဝ,ဝဝဝိ/- ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။