ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း

၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ယက်မှ မြို့နယ်အတွင်း အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီး သွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ နာယကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငလျင်ကြောင့်ပြိုကျ ပျက်စီးခဲ့သည့် စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ငလျင်ဘေးသင့်ပြည်သူများ စုစုပေါင်းအင်အား ၄၅၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ယက်မှ တာဝန်ရှိသူက ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းစဉ်များ အကြောင်းရှင်းလင်းခြင်း၊ ငလျင်ဘေးသင့်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိပါသည်။