၂၀၂၅ ခုနှစ် မေလ ၆ ရက် မွန်းလွဲ ၄ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်များ၏ ယစ်မျိုးလိုင်စင်တည်နေရာပြောင်း လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။