ကျွန်းလှမြို့နယ်တွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပမှုနှင့် ပျဉ်းမမြိုင်ရပ်ကွက်၊ အ.ထ.က (ကျွန်းလှ) စာဖြေဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် Camp ဝင်ရောက်နေသည့် ကျောင်းသား/ သူများအား နေ့လည်စာကျွေးမွေး

၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာသင်တန်းနည်းပြများ၊ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်စင်ထွန်း မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အတူ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အ.ထ.က (ကျွန်းလှ)စာဖြေဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် Camp ဝင်ရောက်နေသည့် ကျောင်းသား/သူ (၁၆၇)ဦး၊ ဆရာမ (၃၂)ဦးနှင့် အတွင်း/ အပြင်လုံခြုံရေး (၁၄)ဦး စုစုပေါင်း (၂၁၃)ဦးတို့အား Royal-D အားဖြည့် အချိုရည်များ ဝေငှခြင်းနှင့် ကျောင်းသား/ သူများကို နေ့လည်စာကျွေးမွေးခြင်း ဆောင်ရွက်နေမှု အခြေအနေအား ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။