၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။