မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၄-၂-၂၀၂၅ ရက်၊ ၁၀၀၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၃/ ၂၀၂၅ ဖြင့် လူမှုထူးချွန်တံဆိပ် (ပထမ)အဆင့် ချီးမြှင့်ခံရသူ ပုဂ္ဂိုလ်နှစ်ဦးအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။