(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ ရုံးဝင်းရပ်ကွက်ရှိ ကျောက်တိုင်ကွင်း၌ ၁၂-၂-၂၀၂၅ ရက်၊ ၀၅၃၀ နာရီအချိန်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ ရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာပေယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား ၅၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ မြို့နယ်ဘက်စုံသုံးခန်းမ၌ ၀၇၀၀ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စုစုပေါင်းအင်အား ၂၀၀ ဦးတို့တက်ရောက်ခဲ့ပြီး မြို့နယ်အဆင့် အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့သူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။