ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၁၇-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ Fire Hotspot နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျော့ချရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Fire Hotspot နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျော့ချရေးနှင့် ပတ်သတ်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။