မြကန်သာပန်းခြံအဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ် POKIDDO ကလေး ကစားကွင်းနှင့် Coffee Shop ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ကန်အရှေ့ရပ်ကွက်၊ မြကန်သာပန်းခြံ၌ (၁၃-၁၂-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် မြကန်သာပန်းခြံအဆင့်မြှင့်တင် ဖွင့်လှစ်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ် POKIDDO ကလေးကစားကွင်းနှင့် Coffee Shop ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ အကအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူးလိုက်ပါ၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အကအဖွဲ့များက ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခြင်း၊ POKIDDO ကလေးကစားကွင်းအား လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။