မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ နှင့်အတူ (၃-၁၂-၂၀၂၄) ရက်၊ (၀၉၃၀)အချိန်တွင် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ရုံးဥပဓိရုပ်ကောင်းမွန်မှုရှိ/ မရှိနှင့် ပုံစံ (၂၇)မျိုး Update စာရင်းသွင်းထားမှုတို့အား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။