ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက် မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျုးကျော်တည်ဆောက်ထားသည့် အဆောက်အဦ များနှင့် အုတ်တံတိုင်းများဖယ်ရှားနေမှုအခြေအနေအား (၂၇-၁၁-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးသည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်များမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။